About Us

iBiz Service Provider Company ကို ၂၀၀၉ ခုနှစ်မှ စတင် ၍ ပြည်တွင်းပြည်ပ အတွေ့အကြုံရှိလူငယ်များနှင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ တည်ထောင်ခဲ့သည့်ကာလမှ ယနေ့အချိန်ထိ Customer များ၏ စိတ်တိုင်းကျ Website ဆွဲပေးခြင်း၊အင်တာနက် Web  & Mobile Application များရေးပေးခြင်း Window Software များရေးပေးခြင်း Digital Marketing စသည့် ၀န်ဆောင်မှုလုပ်ငန်း များအားယနေ့ထိတိုင် ၀န်ဆောင်ပေးလျှက်ရှိသော မြန်မာနိုင်ငံမှ IT company တခုလည်းဖြစ်ပါသည် ။

၂၀၁၀ ခုနှစ်တွင် iBiz Service Provider အနေဖြင့် မြန်မာနိုင်ငံမှ သတင်းများ၊ ပစ္စည်းကြော်ငြာများ တစုတစည်းနှင့် လျှင်မြန်စွာသိရှိနိုင်ရန် အတွက်ရည်ရွယ်၍ myanmarevents အမည်ရှိ Information Web Portal တခုအား ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

၂၀၁၁ တွင် ပထမဆုံးအကြိမ် စတင် ၍ အင်တာနက်ပေါ်တွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်း အမျိုးမျိုးအား မြန်မာပြည်တွင်းသာမက ကမ္ဘာမှပါ သိရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာလုပ်ငန်းရှင်များ၏ ပါဝင်မှုနှင့်အတူ အွန်လိုင်းကုန်စည်ပြပွဲ ၂ကြိမ်တိုင်တိုင်ပြုလုပ်ပေးခဲ့ပြီး ထိုအတွေ့အကြုံများနှင့် customer များ၏လိုအပ်ချက်များ အပေါ်မှုတည်၍ မြန်မာနိုင်ငံတွင် အွန်လိုင်းမှ ဈေးဝယ် ယူနိုင်ရန် ဆောင်ရွက် သင့်ကြောင်း မြင်တွေ့ပြီး Omyanmar Online Store ကို စတင်ဆောင်ရွက်ခဲ့ပါသည်။

အမှန်တကယ်တွင် Infrastructure လိုအပ်ချက်များစွာ ရှိနေခဲ့သည့်အတွက်ကြောင့် ဈေးကွက်လွန်စွာ မကျယ်ပြန့်ခဲ့ပေ။ ယခု ၂၀၁၆ တွင် မူ ယခင်ကာလများကထက် အင်တာနက်လိုင်းများ ပိုမိုကောင်းမွန်လာခြင်း၊ အင်တာနက် ကို မိုဘိုင်းပေါ်မှ တွင်ကျယ်စွာအသုံးပြုလာခြင်းတို့ကြောင့် ပိုမိုထိရောက်ကောင်းမွန်အဆင့်မြင့်လိုက်သည့်  အိုမြန်မာအွန်လိုင်းရှော့ပင်းမော [www.omyanmar.com] ကို တဖန်ပို့ဆောင်ပေးလိုက်ပြီဖြစ်ပါသည်။

ဘာလေးဘဲ ၀ယ်ချင်ချင်
အိုမြန်မာ [omyanmar.com] ဆိုရင်
အကောင်းဆုံးပါဘဲ။

ရွင်လန်းချမ်းမြေ့ကြပါစေ။
အိုမြန်မာအွန်လိုင်းရှော့ပင်းမော


Accept