FAQ

Q. Omyanmar ဆိုတာဘာလဲ ၊ ဘယ်အချိန်ကတည်းက စဖွင့်ခဲ့တာပါသလဲ ???

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး အွန်လိုင်းဈေးဝယ်စင်တာကို 2011 August 13 မှာ နိုင်ငံတော် ဒုတိယသမ္မတဦးမြင့်ဆွေ (ယခု) ကိုယ်တိုင် MICT Park Conference Hall တွက် စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။မြန်မာနိုင်ငံသူနိုင်ငံသားများကို Ecommerce ဈေးကွက် နဲ့ ဆက်သွယ်ပြီး မြန်မာတွင်သာမက ကမ္ဘာ့ရွာများဆီကို လွယ်ကူလျှင်မြန်စွာကုန်သွယ်ခွင့်ရရှိရေး၊ မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို Electronic စီးပွားရေးအသွင်ဖန်တီး ဖော်ဆောင်ပေးလိုသော ဆန္ဒနဲ့ ရည်ရွယ်ဖွင့်လှစ်ခဲ့ပါတယ်။


Q. Omyanmar Second Version ရဲ့ဖွင့်လှစ်ရခြင်း အကြောင်းသိချင်ပါတယ် ???

2011 မှာ ပထမဆုံးအကြိမ် စတင် ၍ အင်တာနက်ပေါ်တွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်း အမျိုးမျိုးအား မြန်မာပြည်တွင်းသာမက ကမ္ဘာမှပါ သိရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာလုပ်ငန်းရှင်များ၏ ပါဝင်မှုနှင့်အတူ အွန်လိုင်းကုန်စည်ပြပွဲ ၂ကြိမ်တိုင်တိုင်ပြုလုပ်ပေးခဲ့ပြီး ထိုအတွေ့အကြုံများနှင့် Customer များ၏လိုအပ်ချက်များ အပေါ်မှုတည်၍ မြန်မာနိုင်ငံတွင် အွန်လိုင်းမှ ဈေးဝယ် ယူနိုင်ရန် ဆောင်ရွက်သင့်ကြောင်း မြင်တွေ့ပြီး Omyanmar Online Shopping ကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ အမှန်တကယ်တော့ Infrastructure လိုအပ်ချက်များစွာ ရှိနေခဲ့တာကြောင့် ဈေးကွက် အလွန် မကျယ်ပြန့်ခဲ့ပါဘူး။ အခု ၂၀၁၆ မှာတော့ ယခင်ကာလများကထက် အင်တာနက်လိုင်းများ ပိုမိုကောင်းမွန်လာတဲ့အပြင် အင်တာနက် ကို မိုဘိုင်းပေါ်မှာ တွင်ကျယ်စွာအသုံးပြုလာတာကြောင့် ပိုမိုထိရောက်ကောင်းမွနအောင် အိုမြန်မာအွန်လိုင်းရှော့ပင်းမော ကို ပြန်လည် အဆင့်မြှင့်တင်လိုက်ခြင်းဖြစ်ပါတယ်။


Q. Omyanmar တွင်ဘာကြောင့် ဈေးဝယ်သင့်သလဲ ???

ပစ္စည်းအရည်အသွေးစစ်မှန်ကောင်းမွန်ခြင်း ၊ အချိန်ကုန်သက်သာ၍ လွယ်ကူစွာဈေးဝယ်နိုင်ခြင်း ၊ Mobile Application မှာသုံးရ လွယ်ကူလျှင်မြန်စွာဈေးဝယ်နိုင်ခြင်း ၊ အိမ်အရောက် ပို့ဆောင်မှုစနစ် ၊ ငွေပေးချေမှု စနစ် နဲ့ တခြားသော ဝန်ဆောင်မှုကောင်းများ စွာရှိနေတာကြောင့် Omyanmar ဈေးဝယ်သင့်ပါတယ်။


Q. Omyanmar ဘယ်လိုအလုပ်လုပ်သလဲ ???

Branded ပစ္စည်းများနဲ့အတူ အရည်အသွေးစစ်မှန်မှု ဈေးနှုန်းချိုသာမှု ၊ အိမ်အရောက်ပို့ နေတဲ့စနစ် ၊ Mobile Application (Andrioid & iOS version) ဖုန်းမှတဆင့်လွယ်လင့်တကူ ဈေးဝယ်နိုင်မှု ၊ 100% Online ငွေပေးချေမှုစနစ် ၊ 24/7 ၀န်ဆောင်မှု အစရှိသော ဝန်ဆောင်မှုကောင်းများနဲ့ ၀န်ဆောင်မှုပေးနေပါတယ်။


Accept